Welcome

WELCOME TO MY BLOG .NICE TO MEET EVERYONE.

Monday, October 29, 2007


*လူတစ်ယောက်နှင့်ရန်ဖြစ်တယ်ဆိုတာကိုယ့်ကိုယ်ကိုသူနဲ့ တန်းတူဖြစ်အောင်တစ်ဆင့်နှိမ့်လိုက်တာပဲ။


*ဝေဖန်တာခံရတိုင်းဒေါသဖြစ်တာ မခိုင်မာတဲ့ သဘောဖြစ်တယ်။ချီးမွမ်းတိုင်းဝမ်းသာတတ်တဲ့သူ ကဲ့ရဲ့တိုင်းစိတ်ဆိုးတတ်တဲ့သူဟာစိတ်မခိုင်တဲ့သူဖြစ်တယ်။


*ချီးမွမ်းတယ်ကဲ့ရဲ့တယ်ဆိုတာသူတစ်ပါးအလုပ်၊သူတစ်ပါးလက်ထဲမှာရှိတယ်။ကိုယ့်အတွက်အရေးကြီးဆုံးကဘယ်သူ


ဘာပြောပြောသဘောထားမှန်နဲ့ ကိုယ်လုပ်သင့်တာကိုလုပ်နေဖို့ ပဲ။အဲဒါကိုယ့်လက်ထဲမှာရှိတယ်။


*ကိုယ့်ကိုသူများအမှတ်ဘယ်လောက်ပေးနေသလဲဆိုတာကိုစဉ်းစားပေးနေတဲ့သူဟာစိတ်ချမ်းသာမှုအစစ်မရနိုင်ဘူး။


*သူုများကိုဘယ်လိုလူစားလို့ ပြောတာဟာကိုယ့်ကိုယ်ကိုဘယ်လိုလူလို့ ဖော်ပြတာနဲ့ တူတယ်။


*ကိုယ့်ကိုယ်ကို အထင်မသေးသူဟာသူများကိုယ့်ကိုအထင်သေးတာကိုဂရုမစိုက်ဘူး။


ကိုယ့်ကိုယ်ကိုကျေနပ်နေတဲ့သူဟာသူများဘာပြောပြောခံနိုင်တယ်။


*ပေါ့ပေါ့နေရင်အဖိုးမတန်တဲ့လူဖြစ်မည်။


*ယုံကြည်မှုလွန်ကဲရင်အမှားအမှန်မဝေခွဲနိုင်တော့ဘူး။


*အောင်မြင်မှုဆိုတာအချိန်နေရာအခြေအနေမဟုတ်ပါဘူး။


လူပေါ်မှာမူတည်နေတာပါး။


အရာရာကိုသတိထားကြည့်ပြီးအသိတရားရှိပါစေ။

No comments: