Welcome

WELCOME TO MY BLOG .NICE TO MEET EVERYONE.

Saturday, December 8, 2007

လာည်သူအပေါင်း


ဘလော့ဒ်သူငယ်ချင်း ၊ မိတ်ဆွေအပေါင်း ကိုကြေငြာရပါ့မယ်။ ကျွန်တော်ကလိလွန်ပြီး ကျွန်တော့်၏ ဆောင်းနိဒါန်းအိမ်ကလေးသည်
ပျက်ဆီးသွားတယ်ပြောရလောက်အောင် စုတ်ပြတ်သတ်နေပါပြီ။ တော်ချက်ကတော့ကမ်း ကုန်တယ်နော်။
ကျွန်တော်အိမ်အသစ်ဆောက်နေ ပါတယ်။ ဆောင်းနိဒါန်းမှ မိတ်ဆွေအားလုံးကို အိမ်အသစ်ကိုပြောင်းရွေ့ တဲ့နေရာမှာ
အားလုံးမသွားပါတယ်။ လာလည်ပြီး decorration လုပ်တဲ့နေရာမှာ ပြင်ဆင်ပေးပါအုံး။ အကြံဥာဏ်ပေးကြပါအုံး။
ဆောင်းနိဒါန်းလောက် မစုံသေးပါဘူး။ ဘလော့ဒ်နိမ်းပါပြောင်းပါတယ်။
ဆောင်းနိဒါန်းကို လာလည်သူအပေါင်း လင့်ချိတ်ထားသူများ အိမ်နံပါတ်ပြောင်းသွားပါတယ်။
ဒါ့ကြောင့် အိမ်လိပ်စာထားခဲ့ ပါတယ်။လာလည်ကြပါ။ လမ်းကြုံလို့ပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ်
လာလည်ပါနော်။
အိမ်လိပ်စာ
www.pankhayay.blogspot.com


Read More...

Friday, December 7, 2007

တိတ်တဆိတ်ကြေကွဲခြင်း

လုပ်ယူဖန်တီးထားတာ တစ်ခုမှမပါပဲ
အလိုအလျောက် ဖြစ်ပေါ်လာတဲ့
သံယောဇဉ်ကြိုးကို
တိကနဲ့ဖြတ်တောက်ပစ်လိုက်လို့ရော
ခံစားမှုတွေအားလုံးက ရပ်တန့်သွားမှာလား?
စကားမပြော နှုတ်မဆက်ကြပေမယ့်
ရင်ထဲက အနက်ရှိုင်းဆုံးသံယောဇဉ်ကြိုးက
ဘယ်လိုနည်းနဲ့မှပြတ်တောက်.....
ပြောင်းလဲမှာမဟုတ်ဘူးဆိုတာရော..
ချစ်သူမသိဘူးလား?
“မဖြစ်နိုင်ဘူး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နှလုံးသားတစ်ခုလုံး မွမွကြေပျက်စီးစတေးရတာရော
ဖြစ်သင့်သတဲ့လား?
ဘယ်လောက်ပဲဝေးကွာနေပါစေ
ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာတော့
အချိန်ကာလ အတိုင်းအတာမရှိ
ခင်မင်မှု...
မြတ်နိုးမှု...
ရင်ခုန်မှု...
ကြေကွဲဝမ်းနည်းမှု
လွမ်းဆွတ်သတိရမှုပေါင်း မြောက်များစွာနဲ့
ထာဝရမပြောင်းလဲမယ့်
နှလုံးသားတစ်စုံကတော့
တိတ်တိတ်လေးကြေကွဲနေမှာပါ...ချစ်သူရယ်။
*----ဦးနှောက်ရဲ့အဆုံးအဖြတ်ဟာ
နှလုံးသားရဲ့အဆုံးအဖြတ်လောက်
မချိမြိန်တာအမှန်ပါ.
------ဘ၀မှာ
ကြေကွဲစရာဖြစ်ရပ်နှစ်မျိုးရှိတယ်
တစ်ခုက
နှလုံးသားရဲ့အလိုဆန္ဒကို လိုက်ရောရတဲ့အခါ
နောက်တစ်ခုက
အဲဒီနှလုံးသားရဲ့ အလိုဆန္ဒကိုပဲ
ငြင်းပယ်ရတဲ့အခါ။
Type your summary here

Type rest of the post here

Read More...

Thursday, December 6, 2007

My wish for you

My wish for you
I wish you joy
Love with your friends,
Happiness in your work,
Fortune with you salary,
Pleasure in your walks,
Well being in your dwelling,
Health in your body,
Beauty in your self,
Delight in all,
kindess from your friends,
Excellences in all you do,
Lourage to do all well,
Determination to get things right,
And tender love from all
Kite Mitchell,14
This is whish for everyperson.
I like this wish and i wish everybody.
Best of luck!
In december month.

Read More...

ကိုယ်ဟာစိတ်ပျက်စရာကောင်းနေသူဟုတ်မဟုတ်ဆိုတာ စီစစ်ကြဆို့


ကိုယ်ဟာစိတ်ပျက်စရာကောင်းနေသူဟုတ်မဟုတ်ဆိုတာ စီစစ်ကြဆို့

ဒီတစ်ခါတော့ ကိုယ့်အပေါ် ကိုယ့်ရဲ့ အနီးဆုံး လက်တွဲဖော် ၊ ချစ်သူတွေက ဆက်ဆံပြုမူပုံကို ကြည့်ပြီး ကိုယ်ဘယ်အခြေအနေဆိုက်ပြီလဲဆိုတာ အကဲခက်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ် ။ အကြိုးရှိနိုင်ပါစေ လို့ စာရေးဆရာမ မော် ကမြင်ကွင်းမဂ္ဂဇင်းမှာ ဒီလိုရေးသားလိုက်ပါတယ်. . . . . . . .။

( ၁ ) သင်အလေးအနက်တန်ဖိုးထားသူက သင်နဲ့ ခပ်ခွာခွာမှာနေဖို့ အမူအရာတွေလုပ်နေရင်တော့ သတိသာထားပေတော့ ။ သင့်ဆီမှာသင်သတိမထားမိတဲ့ အသေးအမွှား ပြဿနာ ၊ အကျင့်ဆိုးရှိနေပြီ ။
ဥပမာ ။ ။သင်က အတူတူထိုင်မလို့ လာတဲ့အခါ သူက အဲဒီနားမှာနေနော် နင်က အပုပ်စော်လဲနံတယ် တံတွေးလဲစင်တယ်ဆိုရင်တော့ သွားပြီ. . . . .. . . .။

( ၂ ) သင်စကားပြောသမျှကို နားမ၀င်တော့ဘူးဆိုရင်တော့ ဒါလဲ သင့်ကို စိတ်ပျက်နေတဲ့လက္ခဏာပဲ ။
“ သင်ကသာ ကိုယ်တစ်ကယ်ပြောတာပါ ” စသည်ဖြင့် စကားတွေ အလေးအနက် ချီနေပေမယ့် သူကတုတ်တုတ်မျှမလှုပ်ဘူးဆိုရင် သင်နားလည်ပေးလိုက်ပါတော့ သူတစ်ကယ်သင့်ကို ညစ်နေပါပြီ .. . . .. ။

( ၃ ) အလုပ်တွေရှုပ်ပြနေတက်တာ ။ အချိန်းတိုင်းအလုပ်တွေများနေတက်တာ။ ဒါဟာလဲသင့်အပေါ် အလေးအနက်ထားမူ့လျော့နဲတာကိုပြနေတာပဲ။ သူသာတစ်ကယ်အလေးနက်ထားရင် သင့်အတွက်အချိန်ဆိုတာ ရှိကို ရှိနေပါတယ် .. . .။

( ၄ ) လိမ်ညာတာ ၊ တစ်ခုခု သေးသေးမွှားမွှားလေးပဲဖြစ်ဖြစ် ညာပြောတ ဒါဆိုရင်တော့ သူဟာသင့်ကွယ်ရာမှာ သင်မသိစေချင်တာကို လုပ်ဖို့ အစပျိုးနေပါပြီ ။ အမုန်မပြောဘူးဆိုမှတော့ သင်ဟာ သင့်အတွက်အရေးပါတော့မလဲ........။

( ၅ ) အရာရာကိုသင်က စောင့်ဆိုင်းပေးသလောက် သူအလှည့်မှာ သင်ကို ဂရုမဆိုက်မစောင့်တာ ဒါတွေကပေါ့ပေါ့လေးဆိုပေမယ့် တကယ့်တကယ် အရေးကြီးတိုင်ပင် ညှိနှိုင်းလုပ်ကိုင်စရာတွေမှာ ဒီလို မစောင့်တာ ဂရုမစိုက်တာတွေဟာ လက်တွဲဖော် ၂ ဦးအနေနဲ့ တစ်ကွေ့ကွေ့မှာ လက်တွဲဖြုတ်တဲ့ အနေအထားရှိတယ် ။

( ၆ ) သင်က သူ့ကိုရှေ့ခရီးအကြောင်းတိုင်ပင်တာမျိုး လုပ်မရတော့တာတွေ ။ ဥပမာ ။ ။ သင်နဲ့ သူ့ရဲ့အနာဂတ်ခရီးမပြောနဲ့ နက်ဖြန်ညနေ ဘယ်ရုပ်ရှင်ကြည့်မလဲ ၊ ဘယ်ဆိုင်မှာ ဘာစားမလဲ ဆိုသလောက်ကိုပဲညှိလို့မရတာမျိုး ဒါဆိုသေချာပြီ သင့်မှာ သူမကြိုက်တာရှိသွားပြီ. . . .။

( ၇ ) “ ရှင်နဲ့ ကျွန်မ သေသေချာချာ ပြောရမယ့် စကားရှိနေပြီတို့ ” ၊ “ ဒီကိစ္စမင်းနဲ့ မဆိုင်ပါဘူး ၊ ကျွန်မကိစ္စ ကျွန်မ ကိုယ်ရေးကိုယ်တာပါ ” ဆိုတဲ့စကားတွေ စလာပြီဆိုရင်တော့ သင့်အနေနဲ့ ခွဲခွာဖို့ အထုပ်သာပြင်ထားလိုက်တော့ ။

ဒီလောက်ဆိုရင် ၂ ဦးသား မခွဲမခွာရအောင် ဘယ်လိုနေထိုင်ရင် ကောင်းမယ် ၊ ဘာတွေကိုသတိထားရမယ် ဆိုတာတွေကို စဉ်းစားမိတယ် ထင်ပါတယ် . . .. ။
နောက်တစ်ခါ ကြရင်တော့ “ မိန်းကလေးတွေရှေ့မှာ သိပ်မှားကြတဲ့ ယောက်ျားလေးတွေရဲ့ အမူအရာလေးတွေ ” ကိုပြောပြသွားပါ့မယ် . . . . .အားပေးပေါ့. . . .။

Mysuboo ဝင်ရင်းနဲ့ ကိုစိုးမိုးအောင်ရဲ့ ဘလော့ပို့လေးတစ်ခုဖတ်မိရာကနေ ဒီပို့စ်လေးကို ပြန်ရေးထားတာပါ

Read More...

Thursday, November 29, 2007

မပြောင်းလဲသောအမှန်တရား

မင်းပြောခဲ့တဲ့ စကားလုံးတွေအောက်မှာလည်း
အကြိမ်ပေါင်းမြောက် များစွာ နစ်ဝင်ပျော်ရွှင်ခဲ့ဖူးတယ်။
မင်းရဲ့စကားလုံးတွေကိုလည်း မက်မောခုံမင်စွာတောင့်တခဲ့ဖူးတယ်။
မင်းရယ်သံလေးတွေကိုလည်း နားသောတဆင်ခဲ့ဖူးတယ်။
မင်းရဲ့ရယ်သံတစ်ချက်မှာ ပရမ်းပတာရင်ခုန်ဖူးတယ်။
မင်းရဲ့စိမ်းကားရက်စက်မှုအောက်မှာလည်း အကြိမ်ကြိမ်ကျရှုံးဖူးတယ်။
အနာဂတ်လှပဖို့ ကိုယ့်ရဲ့အသဲနှလုံးတစ်ခုလုံး နင်းချေစတေးခဲ့ရတာ မင်းမှမသိပဲ။
ဘာပဲဖြစ်ဖြစ် အနာဂတ်အတွက် သားကောင်ဖြစ်ခဲ့ရတဲ့
ကိုယ့်နှလုံးသားကတော့ ကျေနပ်ပျော်ရွှင်စွာပဲ ဆက်လက်ရှင်သန်နေမှာ အမှန်တရားပါ။

Read More...

Sunday, November 25, 2007

ကြေငြာချက်

ဒီကြေငြာချက်လေးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။ ဖောင်ပိတ်ရက်အပို မရောင်းပါ။
ရက်ကန့်သတ်ထားပါတယ်။ ယနေ့မှစတင်၍ ၃၀ရက်ဖေဖော်ဝါရီလပါ။ စည်းမျဉ်းနှင့်ကိုက် ညီသူများကို
စဉ်းစားပါမည်။ ဒီကြေငြာစာအမှတ်ကို လာရောက်ဖတ်ရှုသူအားလုံး မရယ်ရရင်တောင်မှ
ပြုံးကြရတယ်ဆိုရင်ပဲ ကျွန်တော်ပေါရကျိုးနပ်...အဲမဟုတ်ပါဘူး။ရေးရကျိုးနပ်ပါပြီ။


* ကြေငြာချက် *
သစ္စာရှိသော.............
မလိမ်ညာတက်သော..........
ရိုးဖြောင့်မှန်ကန်မှုရှိသော.......
ဂျီးမများတက်သော.........
စကားလုံးတိုင်းကို သဘောပေါက်လွယ်ကူသော....
ညာဏ်ရည်မနိမ့်သော......
အသဲနှလုံးအပိုမပါသော...
အင်္ဂလိပ်စကား ကျွမ်းကျင်သော....
နွေးထွေးလှိုက်လှဲစွာ ကြိုဆို၍
စိတ်ကြည်လင်ပျော်ရွှင်အောင်
ဖန်တီးပေးနိုင်သော......
လူပီသသောလူသားတစ်ယောက်
အလိုရှိသည်။

မှတ်ချက်-------
နှလုံးသားအားကစားတက်သူများမပါ။

ဤကြေငြာချက် နှင့်ကိုက်ညီသောသူများအား “အသစ်စက်စက် ရင်ဘတ်ကြီးလည်းမသုံးရသေးပါ...
ရည်းစားထားဖို့ကို လည်းမကြံရွယ်ရဲ...။” ဟဲ ...ဆောင်ဦးလှိုင်လုပ် ကြည့်တာ။
နှလုံးသားဂျက်ရွှတ်(ရွှမ်းရွှမ်းနေတာပဲ).....နီယူးလေး။ချီးမြှင့်ပါမည်။
ဒါပေမယ့် ကိုဆိုးသွမ်းလို အမြဲလွမ်းပြီး ကိုမင်းကျန်စစ်လို အချစ်မကျန်သူ မဖြစ်ရပါ။
နတ်ရှင်နောင်လို မျက်နှာပြောင်ပြီး မျှားပြာလို အသဲမာသူ မဖြစ်ရပါ။
ဟဲ...သူတို့သာကြားရင်ထသတ်မလားမသိ.....။မပြောနဲ့နော်။
လင်းဦးလိုအပျင်း ထူသူ မဖြစ်ရပါ။ အဲလိုသာဆိုစိန်မမ ငုတ်တုတ်မေ့လိမ့်မယ်
ငုတ်တုတ်မေ့လို့ မဖြစ်ဘူး။ညောင်းတယ်။လှဲမေ့တာလောက် ဘယ်အရာသာရှိမလဲနော်။
လျှောက်လွှာကိုက်ညီသူအား ရဲမြန်မာလို အသဲမမာသူမို့ ကိုဇေယျာလွင်လို အသေအချာစွံဖို့
မေပျိုမဟုတ်တဲ့ ပျိုမေက မင်းတစေလို အတင်းဖြေလိုက်မယ်နော်။
ကျွန်တာ့်၏သူငယ်ချင်းများပျော်အောင်ပါ။ အားလုံးပဲနားလည်ပေးပါ။ အမှားပါသွားရင်ပေါ့။


Read More...

Saturday, November 24, 2007

နောင်တ



နောင်တ
* ဘ၀ဆိုတာကို ပုံဖော်ကြည့်ဖို့
ခဲတံတစ်ချောင်းကို လိုက်ရှာနေတုန်း
နွယ်ပင်လိုကြိုးတစ်ချောင်းနဲ့
နူးညံ့စွာခလုတ်တိုက်မိခဲ့တယ်။

* အရှိန်ပြင်းတဲ့ ချည်နှောင်မှုတွေဆီက
လွတ်မြောက်နိုင်မလားရုန်းထွက်ကြည့်တော့
ဖြတ်လေပွားလေကြိုးတွေကပဲ
ငါ့တစ်ကိုလုံးကို ၀ါးမြိုသွားလိုက်တာ
ဆန္ဒနဲ့ မျှော်လင့်ချက်တွေတောင်
ပြာဖြစ်ကုန်ကြတယ်။

*အင်း........ငါတိုက်မိခဲ့တဲ့ ခလုတ်လေး
စားလိုက်တိုင်းကုန်သွားမယ့်
ပန်းသီးဖြစ်ခဲ့ရင်လည်းအကောင်းသားနော်........



သိပ်ကြိုက်တဲ့ကဗျာလေးတစ်ပုဒ်ပါ။

Read More...

Friday, November 23, 2007

လက်ဆောင်မွန်

လက်ဆောင်မွန်”ဆိုတာ သင့်ဘ၀ကို အဓိပ္ပာယ်ရှိသော ဘ၀နှင့် နေပျော်သော ဘ၀တစ်ခု ဖြစ်လာအောင် ဖန်တီးနိုင်ဖို့ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များကို ဖော်ပြထားပါသည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များ ဆိုလို့ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ ကျင့်စဉ်များဟု မထင်လိုက်ပါနှင့်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစု သိနေပြီးသား၊ ကြားဖူးပြီးသား ကျင့်စဉ်များပင်ဖြစ်သည်။ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးဖို့ ပျက်ကွက်နေသည့်၊ မျက်စိလျှမ်းနေသည့် ကျင့်စဉ်များပင်ဖြစ်သည်။ တစ်ကယ်လက်တွေ့ကျင့်သုံးလျှင် တစ်ကယ်အကျိုးထူးများ ရစေပါသည်။ဘ၀မှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုပြီးအောင်အောင်မြင်မြင် နေထိုင်ပြီး အလုပ်လုပ်လို့ရတဲ့ လမ်းစဉ်တစ်ခု ဖော်ထုတ်တွေ့ရှိသွားတဲ့ လူငယ်တစ်ယောက်အကြောင်း ရေးထားပါသည်။ အဲဒီ လက်ဆောင်မွန် စာအုပ်ကလေး ကိုဖတ်ပြီး နည်းလမ်းလေးတွေကို မှတ်သားထားမိပါသည်။ ကျွန်တော် မှတ်သားမိသလို ဘလော့ဒ် သူငယ်ချင်းများကိုလည်း တစ်ဆင့် လက်ဆင့် ကမ်းလိုက်ပါသည်။
ကျွန်တော်ရရှိခဲ့သော “လက်ဆောင်မွန်” မှ “လက်ဆောင်မွန်” ပါ။
လူရွယ်ကလေးဟာသူ့အလုပ်မှာ အောင်မြင်မှု ရရှိသင့်သလောက်မရရှိခဲ့၍ မပျော်ရွှင်ခဲ့ပါဘူး။
ဘာပဲလုပ်လုပ် စိတ်ချမ်းမြေ့မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ အလွန်အောင်မြင်ကျော်ကြားတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ရှိပြီး လက်ဆောင်မွန်တစ်ခုပေးခဲ့ပါသည်။

“လက်ဆောင်မွန်”
သင်၏ပစ္စုပ္ပန်ကာလများကို အသုံးချနည်း သုံးသွယ်
ပစ္စုပ္ပန်မှာမွေ့ပျော်နေထိုင်ပါ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး
လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို တုံ့ပြန်ဆောင်ရွက်ပါ။

ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ။
အဲဒီ အတိတ်ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ။
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။

အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ။
အဲဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။

Read More...

Thursday, November 22, 2007

The wisdom

* Meature affection,homage,devotion,does not easily express itself.Its voice is low.
It is modest and retring,it lays in ambush and waits.

* We need never be ashamed of our tears,for they are rain upon the blinding dust
of earth, overlying our hard hearts.

* Reflect upon your presentblessing, not on your past misfortunes.

* Unthought-ike thougths are the souls of thought.

* Perverseness is one of the primitive impulses of human heart.

* In reading,we hold converse with the wise;in the business of life,generally with
the foolish.

* Boldness is ever blind,for it sees not dangers and inconveniences.Therefore,it is
ill inconsel,good in execution.

* A man would do well to carry a pencil in his pocket and write down the thoughts of the moment.Those that come unsought for are commonly the most valuable and should besecured,because they seldom return.

Read More...

Tuesday, November 20, 2007

I just want one more day with you


* I'm so sad and depressed
Is all I want to do is rest
I go to sleep at night
But my dreams I just can't fight.......

*I think of you lying in that bed
And wonder if there is anything I could have said
I wish you were still here
But I know that you are still near.............

*I love you more than you know
I just wish you didn't have to go
I just want one more day with you
And I know that what you would have wanted too.........

*I miss you more and more each day
There is so much more we had to say
I know I will see you again
But my life is just started to begin.......
(Anonymous)

This poem was found in "Vergin Magazine".
I like this poem.I want to feel you as i like .
So,I write this poem.

Read More...