Welcome

WELCOME TO MY BLOG .NICE TO MEET EVERYONE.

Thursday, November 29, 2007

မပြောင်းလဲသောအမှန်တရား

မင်းပြောခဲ့တဲ့ စကားလုံးတွေအောက်မှာလည်း
အကြိမ်ပေါင်းမြောက် များစွာ နစ်ဝင်ပျော်ရွှင်ခဲ့ဖူးတယ်။
မင်းရဲ့စကားလုံးတွေကိုလည်း မက်မောခုံမင်စွာတောင့်တခဲ့ဖူးတယ်။
မင်းရယ်သံလေးတွေကိုလည်း နားသောတဆင်ခဲ့ဖူးတယ်။
မင်းရဲ့ရယ်သံတစ်ချက်မှာ ပရမ်းပတာရင်ခုန်ဖူးတယ်။
မင်းရဲ့စိမ်းကားရက်စက်မှုအောက်မှာလည်း အကြိမ်ကြိမ်ကျရှုံးဖူးတယ်။
အနာဂတ်လှပဖို့ ကိုယ့်ရဲ့အသဲနှလုံးတစ်ခုလုံး နင်းချေစတေးခဲ့ရတာ မင်းမှမသိပဲ။
ဘာပဲဖြစ်ဖြစ် အနာဂတ်အတွက် သားကောင်ဖြစ်ခဲ့ရတဲ့
ကိုယ့်နှလုံးသားကတော့ ကျေနပ်ပျော်ရွှင်စွာပဲ ဆက်လက်ရှင်သန်နေမှာ အမှန်တရားပါ။

No comments: