Welcome

WELCOME TO MY BLOG .NICE TO MEET EVERYONE.

Saturday, November 24, 2007

နောင်တ



နောင်တ
* ဘ၀ဆိုတာကို ပုံဖော်ကြည့်ဖို့
ခဲတံတစ်ချောင်းကို လိုက်ရှာနေတုန်း
နွယ်ပင်လိုကြိုးတစ်ချောင်းနဲ့
နူးညံ့စွာခလုတ်တိုက်မိခဲ့တယ်။

* အရှိန်ပြင်းတဲ့ ချည်နှောင်မှုတွေဆီက
လွတ်မြောက်နိုင်မလားရုန်းထွက်ကြည့်တော့
ဖြတ်လေပွားလေကြိုးတွေကပဲ
ငါ့တစ်ကိုလုံးကို ၀ါးမြိုသွားလိုက်တာ
ဆန္ဒနဲ့ မျှော်လင့်ချက်တွေတောင်
ပြာဖြစ်ကုန်ကြတယ်။

*အင်း........ငါတိုက်မိခဲ့တဲ့ ခလုတ်လေး
စားလိုက်တိုင်းကုန်သွားမယ့်
ပန်းသီးဖြစ်ခဲ့ရင်လည်းအကောင်းသားနော်........



သိပ်ကြိုက်တဲ့ကဗျာလေးတစ်ပုဒ်ပါ။

No comments: