“လက်ဆောင်မွန်”ဆိုတာ သင့်ဘ၀ကို အဓိပ္ပာယ်ရှိသော ဘ၀နှင့် နေပျော်သော ဘ၀တစ်ခု ဖြစ်လာအောင် ဖန်တီးနိုင်ဖို့ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များကို ဖော်ပြထားပါသည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံသင့်သည့် ကျင့်စဉ်များ ဆိုလို့ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ ကျင့်စဉ်များဟု မထင်လိုက်ပါနှင့်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစု သိနေပြီးသား၊ ကြားဖူးပြီးသား ကျင့်စဉ်များပင်ဖြစ်သည်။ ကျွန်တော်တို့ လက်တွေ့ကျင့်သုံးဖို့ ပျက်ကွက်နေသည့်၊ မျက်စိလျှမ်းနေသည့် ကျင့်စဉ်များပင်ဖြစ်သည်။ တစ်ကယ်လက်တွေ့ကျင့်သုံးလျှင် တစ်ကယ်အကျိုးထူးများ ရစေပါသည်။ဘ၀မှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုပြီးအောင်အောင်မြင်မြင် နေထိုင်ပြီး အလုပ်လုပ်လို့ရတဲ့ လမ်းစဉ်တစ်ခု ဖော်ထုတ်တွေ့ရှိသွားတဲ့ လူငယ်တစ်ယောက်အကြောင်း ရေးထားပါသည်။ အဲဒီ လက်ဆောင်မွန် စာအုပ်ကလေး ကိုဖတ်ပြီး နည်းလမ်းလေးတွေကို မှတ်သားထားမိပါသည်။ ကျွန်တော် မှတ်သားမိသလို ဘလော့ဒ် သူငယ်ချင်းများကိုလည်း တစ်ဆင့် လက်ဆင့် ကမ်းလိုက်ပါသည်။
ကျွန်တော်ရရှိခဲ့သော “လက်ဆောင်မွန်” မှ “လက်ဆောင်မွန်” ပါ။
လူရွယ်ကလေးဟာသူ့အလုပ်မှာ အောင်မြင်မှု ရရှိသင့်သလောက်မရရှိခဲ့၍ မပျော်ရွှင်ခဲ့ပါဘူး။
ဘာပဲလုပ်လုပ် စိတ်ချမ်းမြေ့မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ အလွန်အောင်မြင်ကျော်ကြားတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ရှိပြီး လက်ဆောင်မွန်တစ်ခုပေးခဲ့ပါသည်။
“လက်ဆောင်မွန်”
သင်၏ပစ္စုပ္ပန်ကာလများကို အသုံးချနည်း သုံးသွယ်
ပစ္စုပ္ပန်မှာမွေ့ပျော်နေထိုင်ပါ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး
လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို တုံ့ပြန်ဆောင်ရွက်ပါ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ။
အဲဒီ အတိတ်ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ။
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။
အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ။
အဲဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။

2 comments:
ဖတ်လို့ကောင်းတယ်..
သိပ်ကောင်းတဲ့ပို့စ်လေးပဲဗျာ
ဒါမျိုးလေးတွေ ထပ်တင်ပေးပါဦး...
:)
ခင်မင်လေးစားလျက်
ရန်အောင်
Post a Comment